OFFICE OF THE AUDITOR GENERAL OF THE UNION

 

Donor Coordination Meeting ကျင်းပပြုလုပ်ခြင်း

၁။      Development Partners များဖြစ်သော EU၊ GIZ၊ UNDP၊ World Bank နှင့် နော်ဝေစာရင်းစစ်ချုပ်ရုံးတို့မှ ကိုယ်စားလှယ်များ ပါဝင်သည့် Donor Coordination Meeting ကို ၂၀၁၈ ခုနှစ် မေလ ၂၄ ရက်နေ့ မွန်းလွဲ ၂း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်း တက်ရောက်ခဲ့ပါသည်။

၂။      အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်မှ Development Partners များအနေဖြင့် ဤရုံးအား နည်းပညာအကူအညီ ထောက်ပံ့ပေးသည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်းနှင့် ကူညီထောက်ပံ့ပေးသည့်နယ်ပယ်များ ထပ်နေခြင်းမျိုး မရှိစေရန်အတွက် ဤအစည်းအဝေးအား ကျင်းပခြင်းဖြစ်ပါကြောင်း ပြောကြားပြီး Development Partners များမှလည်း ဤရုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ၊ ဆက်လက် ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများအား တင်ပြပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

၃။      အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန) နှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြ ပါသည်။