OFFICE OF THE AUDITOR GENERAL OF THE UNION

 

စာရင်းစစ်-၃ များ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်း အမှတ်စဉ်(၄၇) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့

၁။၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၂၈ ) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ်-၃ များ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်း အမှတ်စဉ်(၄၇) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စု စာရင်းစစ်ချုပ် ကိုယ်စား အမြဲတမ်းအတွင်းဝန် တက်ရောက်၍ သင်တန်းဆင်း လမ်းညွှန် အမှာစကားပြောကြားခဲ့ပါသည်။

၂။အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသား/သင်တန်းသူ (၁၁၃) ဦး တက်ရောက်ခဲ့ပါသည်။

၃။အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-

- ဤရုံးသည် စစ်ဆေးရေး လုပ်ငန်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားသော တာဝန်အရ လုပ်ရခြင်းဖြစ်၍ သိမ်သိမ်မွေ့မွေ့နှင့် လိမ္မာပါးနပ်စွာ အလုပ်လုပ်ရန်လိုကြောင်း၊

- စာရင်းစစ် အလုပ်သည် ဉာဏအလုပ်ဖြစ်၍ ဉာဏ်ထက်မြက်ဖို့ လိုအပ်ကြောင်း၊ တက္ကသိုလ်ကျောင်းက သင်ပေးခဲ့သည့် ပညာသည် အခြေခံအဆင့်သာဖြစ် ကြောင်း၊ လက်တွေ့လုပ်ငန်းခွင်မှာ ကျွမ်းကျင်သည့် အဆင့်ရဖို့ လိုအပ်ကြောင်း၊

- တက္ကသိုလ်ကျောင်းက ပေးအပ်သည့် ဘွဲ့များတွင် စာရင်းစစ်ဘွဲ့ မရှိကြောင်း၊ စာရင်းကိုင်ပညာရပ်ကိုသိမှ စာရင်းစစ်တတ်မှာဖြစ်ကြောင်း၊ မွန်မြတ်သောအလုပ် ဖြစ်ကြောင်း၊

- အလုပ်လုပ်သည့်အခါ မြင့်မားသော ရာထူးတာဝန်ကို ထမ်းဆောင်လိုလျှင် မတွက်ကပ်ရကြောင်း၊ အလုပ်ကို စေတနာထား၍ လုပ်ရမည်ဖြစ်ကြောင်း၊ ကိုယ်ချင်းစာ တရားထားရမည်ဖြစ်ကြောင်း၊

- ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမှာ ဖြစ်သည့်အတွက် သင်တန်းသားများသည် ရိုးဖြောင့်ဂုဏ်ရှိသော၊ ငါးပါးသီလ လုံခြုံသော၊ ကိုယ်ချင်းစာ တရားရှိသော၊ နိုင်ငံနှင့် ရုံးအတွက် အားထားရသော လူကောင်းလူတော်တွေဖြစ်ဖို့ ကြိုးစားကြစေ လိုကြောင်း၊

၄။ အခမ်းအနားကို နံနက် (၁၀း၁၅) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။