OFFICE OF THE AUDITOR GENERAL OF THE UNION

 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ICAEW International Capacity Building ၏ Director ဖြစ်သူ Dr. Mark Campbell ဦးဆောင်သော အဖွဲ့ နှင့် MICPA ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးဝမ်းတင် ဦးဆောင်သော အဖွဲ့ အား လက်ခံတွေ့ဆုံ

၁။ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် ICAEW International Capacity Building ၏ Director ဖြစ်သူ Dr. Mark Campbell ဦးဆောင်သော အဖွဲ့ နှင့် MICPA ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးဝမ်းတင် ဦးဆောင်သော အဖွဲ့အား ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ ၊ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။ ထိုသို့ တွေ့ဆုံရာတွင် Quality Assurance (QA) for Audit Roadmap for Myanmar ဆိုင်ရာ ကိစ္စများ၊ ယင်း Roadmap အား အကောင်အထည် ဖော်မည့် စီမံကိန်း(မူကြမ်း)နှင့် စာရင်းစစ်များအား Quality Assurance နှင့်စပ်လျဉ်း၍ သင်တန်း (သို့မဟုတ်) အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ပေးနိုင်ရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန) နှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ ကြပါသည်။