OFFICE OF THE AUDITOR GENERAL OF THE UNION

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် European Union (EU) မှ Head of Cooperation ဖြစ်သူ Dr. Johan Hesse ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

၁။       ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် European Union (EU) မှ Head of Cooperation ဖြစ်သူ    Dr. Johan Hesse ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၇ခုနှစ် နိုဝင်ဘာလ (၁၆) ရက် နေ့၊ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။

၂။       ထိုသို့တွေ့ဆုံရာတွင်  Mr. Ray Watkin ပြုစုသည့် ဤရုံး၏ Human Resource နှင့် Mr. Anders ပြုစုသည့် Legal Framework အစီရင်ခံစာ (၂) စောင်နှင့်စပ်လျဉ်းသည့်ကိစ္စရပ်နှင့် EU မှ ရှေ့ဆက်လက် အကူအညီပေးနိုင်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

၃။       အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။