OFFICE OF THE AUDITOR GENERAL OF THE UNION

 

စာရင်းစစ်(၁) များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၃၃) သင်တန်းဆင်းပွဲ

၁။ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ(၂၀) ရက်နေ့ နေ့လည်(၁း၀၀) နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ စာရင်းစစ်(၁)များ လုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၃၃) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပရာ ပြည်ထောင်စု စာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။

၂။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသား/သင်တန်းသူ ( ၉၈) ဦး တက်ရောက်ခဲ့ပါသည်။

၃။ အခမ်းအနားတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်က အောက်ပါတို့ကို လမ်းညွှန်မိန့်ကြားခဲ့ ပါသည်-

- စာရင်းစစ်(၁)များသည် စစ်ဆေးရေးအဖွဲ့များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ကြသည့်အတွက် စွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊

- သင်တန်းမှ ပို့ချလိုက်သည့် အတတ်ပညာ၊ ဗဟုသုတများဖြင့်သာ ရပ်မနေဘဲ Self Education လုပ်ရန် လိုအပ်ကြောင်းနှင့် ပညာရပ်များသည် ဆုံးခန်းတိုင်သည်ဟူူ၍ မရှိ ကြောင်း၊

- ခေါင်းဆောင်များသည် မိမိတို့၏ အသိပညာ အတတ်ပညာများကို လက်ဆင့်ကမ်းပေးရန် Ethic များကို လိုက်နာသည့် နမူနာကောင်းများ ပြပေးရန်လိုအပ်ကြောင်း၊

- ခေါင်းဆောင်မှုပေးရမည့် ရာထူး၌ ခေါင်းဆောင်မှု စွမ်းရည်ရှိရန် လိုအပ်ကြောင်း၊

- စာရင်းစစ်ဆေးရေးအဖွဲ့များတွင် ခေါင်းဆောင်ဖြစ်သည့် စာရင်းစစ်(၁)များသည် စာရင်းစစ်(၃) များကို သင့်တင့်မျှတစွာ တာဝန်ခွဲပေးရန် လိုအပ်ကြောင်း၊

- Team Work ဖြင့် လုပ်ကိုင်ဆောင်ရွက်တတ်ရန် လိုအပ်ကြောင်း၊

- နိုင်ငံပိုင်ကဏ္ဍ စာရင်းစစ်များ၏ လုပ်ငန်းနယ်ပယ်သည် ပုဂ္ဂလိက ကဏ္ဍစာရင်းစစ်များထက် ပိုမိုကျယ်ပြန့်ပြီး တိုင်းပြည်အတွက် ပိုမိုအကျိုးပြုကြောင်း၊

- စာရင်းစစ်ဆေးရေး လုပ်ငန်းများကို ရိုးသားဖြောင့်မတ်စွာဖြင့် ဥပဒေ၊ စည်းကမ်း၊ ကျင့်ဝတ် ဘောင်အတွင်း ရိုးရိုးသားသား သိက္ခာရှိရှိဖြင့် စံပြစာရင်းစစ်များအဖြစ် ပြုမူနေထိုင်ကြရန် တိုက်တွန်းလိုကြောင်း။

၄။ အခမ်းအနားကို နေ့လည် (၁း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။