OFFICE OF THE AUDITOR GENERAL OF THE UNION

 

၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဒီပလိုမာ စာရင်းကိုင်(ဒုတိယပိုင်း) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

၁။ ၂၀၁၇ ခုနှစ်၊ ဇွန်လ ( ၁ ) ရက် နံနက် (၀၉း၀၀) နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဒီပလိုမာ စာရင်းကိုင် (ဒုတိယပိုင်း) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ မြန်မာနိုင်ငံ စာရင်း ကောင်စီဥက္ကဋ္ဌ ၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ကိုယ်စား မြန်မာနိုင်ငံ စာရင်းကောင်စီ အတွင်းရေးမှူး တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

၂။ အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး ဦးစီးဌာန)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား /သင်တန်းသူ ( ၁၄၆ ) ဦး တက်ရောက်ခဲ့ကြပါသည်။

၃။ အခမ်းအနားတွင် မြန်မာနိုင်ငံ စာရင်းကောင်စီ အတွင်းရေးမှူးမှ အောက်ပါ အချက်များကို မှာကြားခဲ့ပါသည်-

- DA အား စာရင်းပညာရှင် အဆင့်သတ်မှတ်ရန် လုံခြုံရေးနှင့်ပညာရေးကော်မတီသို့ တင်ပြထားကြောင်း၊ သို့ပါ၍ နိုင်ငံတော်မှ စာရင်းပညာရှင်အဖြစ် အသိအမှတ် ပြုမည်ဖြစ်ကြောင်း

- DA သင်တန်းသည် ၁၉၇၄ ခုနှစ်မှ စတင်ပေါက်ဖွားလာခဲ့ပြီး ၁၉၇၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ DA ဘွဲ့ရ အမြောက်အများ မွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း

- DA(II) သင်တန်း၌ Auditing, Cost & Management, Advanced Accounting, Financial Reporting ကဲ့သို့သော Major ဘာသာရပ်များ များပြားလာပြီ ဖြစ်သည့်အတွက် ပိုမိုကြိုးစားစေလိုကြောင်း

- စာရင်းပညာရှင်များ အတွက် စာရင်းစစ်စံများ အမြဲပြောင်းလဲနေသည့် အတွက် ခေတ်နှင့်အညီ မျက်ခြေပြတ် မကျန်ဘဲ လေ့လာနေရမည်ဖြစ်ကြောင်း

- DA(II) သင်တန်းပြီးမြောက်လျှင် CPA သို့ တက်လှမ်း နိုင်ပြီဖြစ်သည့် အတွက် ကြိုးစားစေလို ကြောင်း

- “ကျောင်းမှန်မှန်တက် စာမခက်” ဆိုသည့်အတိုင်း ကျောင်းမှန်မှန်တက်၍ ကထိကများ၏ ပို့ချမှုများကို တလေးတစား နားထောင် သင်ယူကြရမည် ဖြစ်ကြောင်း

- သင်တန်းသား/သူများ အနေဖြင့် ရိုးရိုးကျင့် မြင့်မြင့်ကြံ၍ အပတ်တကုတ် ကြိုးစားကြစေလို ကြောင်း

- နိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်နေပြီဖြစ်သည့်အတွက် အသုံးတဲ့သည့်သူများ ဖြစ်စေလိုကြောင်း

- မိမိ မိသားစု၊ မိမိရပ်ကွက်၊ မိမိအိမ်၊ မိမိနိုင်ငံအတွက် အသုံးတည့်သူများဖြစ်စေလိုကြောင်း

၃။ အခမ်းအနားကို နံနက်(၀၉း၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။