OFFICE OF THE AUDITOR GENERAL OF THE UNION

 

စာရင်းစစ် ( ၃ )များလုပ်ငန်းခွင်ကျွမ်းကျင်မှု အမှတ်စဉ်(၄၄)သင်တန်း သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

၁။ ၂၀၁၆ခုနှစ်၊ ဇူလိုင်လ(၇)ရက်နေ့နံနက်(၁၀း၀၀)နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ စာရင်းစစ် ( ၃ )များလုပ်ငန်းခွင်ကျွမ်းကျင်မှု အမှတ်စဉ်(၄၄)သင်တန်း သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

၂။ အဆိုပါ အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ ကထိကများ၊ သင်တန်းသား/သူ ( ၁၁၄ )ဦး တက်ရောက်ခဲ့ပါသည်။

၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်မှ လမ်းညွှန်အမှာစကား ပြောကြားရာတွင် -

- သင်တန်းမှ ပို့ချချက်များကို အဓိက လေ့လာမှတ်သားကြပြီး သင်တန်းသားများ အချင်းချင်းပညာရပ်များကို ဖလှယ်ကြရန် လိုအပ်ကြောင်း

- စာရင်းစစ်များသည် ပုံမှန်စစ်ဆေးခြင်းအပြင် စာရင်းစစ်ချုပ်ဥပဒေက ပေးအပ်သော တာဝန်များကိုလည်း ဆောင်ရွက်ကြရသည့် အတွက် မိမိတို့၏စွမ်းရည်များ တိုးတက်အောင် ကြိုးစားကြရန် လိုအပ်ကြောင်း

- တိုးတက်မှုအတွက် လှုပ်ရှားရုန်းကန် ကြိုးစားရသည်မှာ ကြိုးစားရကျိုးနပ်ကြောင်း

- တာဝန်သိစိတ်များ ခိုင်မာအောင် တည်ဆောက်သွားကြရန် လိုအပ်ကြောင်း

- လူတိုင်းတွင် အားသာချက် အားနည်းချက်များ ကိုယ်စီရှိကြသဖြင့် မိမိ၏ အားနည်းချက်များကို အားသာချက်အဖြစ် ပြောင်းလဲရန် လိုအပ်ကြောင်း

- မိမိတို့၏ တာဝန်များကို အဂတိမလိုက်စားဘဲ သမာဓိရှိစွာ သိက္ခာ ပြည့်ဝစွာဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားသွားပါသည်။

၄။ အခမ်းအနားကို နံနက်(၁၀း၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။