OFFICE OF THE AUDITOR GENERAL OF THE UNION

 

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီးဝန်ထမ်းများ တွေ့ဆုံ

UAG&staffs
PS
YUAG

လက်ရှိ အစိုးရသည် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှု ဖြစ်ရန် ဦးတည်ဆောင်ရွက်လျက် ရှိသည် နှင့်အညီ စာရင်းစစ် ဝန်ထမ်းများကလည်း စစ်ဆေးရေး လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ယင်းဦးတည်ချက် နှင့်အညီ ဆောင်ရွက်ကြရန် လိုကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက ပြောကြားသည်။
ပြည်ထောင်စု စာရင်းစစ်ချုပ်သည် မေ ၉ ရက်က ရန်ကုန်တိုင်း ဒေသကြီး စာရင်းစစ်ချုပ်ရုံး မြပန်းအိုင် ခန်းမ၌ ရန်ကုန်တိုင်း ဒေသကြီး စာရင်းစစ်ချုပ်ရုံးနှင့် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ် စာရင်းစစ်ရုံး ဝန်ထမ်း များအား တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စု စာရင်းစစ်ချုပ်က ဌာနဆိုင်ရာများ အနေဖြင့် စီးပွားရေး အဖွဲ့အစည်းများသည် စီးပွားရေး အဖွ့ဲအစည်းများ စာရင်းထားနည်း အတိုင်း ဆောင်ရွက်ကြသော်လည်း ဦးစီးဌာနများ အနေဖြင့် အစိုးရ စာရင်းထားနည်း အတိုင်း Cash Basic ကို အခြေခံ ရေးဆွဲကြသဖြင့် စာရင်းအမှန် ရရှိစေရန် Accrual Basic ပြောင်းလဲ ရေးဆွဲရေး အတွက်လည်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ကမကထပြု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေး ပြောကြားလိုကြောင်း ပြောကြားပြီး ဝန်ထမ်းတစ်ဦးချင်းစီတွင် စာရင်းပညာရှင်များ ကျင့်ဝတ်ဖြစ်သည့် စာရင်းပညာ အရည်အချင်း ပြည့်စုံရန်၊ လုပ်ငန်းခွင်တွင် သတိသမ္ပဇဉ်ဖြင့် ဆောင်ရွက်ရန်၊ စာရင်းပညာများကို စဉ်ဆက်မပြတ် သိရှိကြရန်နှင့် အများပြည်သူ အကျိုးစီးပွားကို ဆောင်ရွက်ရန် မှာကြားသည်။
ယင်းအခမ်းအနားကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်း အတွင်းဝန်၊ ရန်ကုန်တိုင်း ဒေသကြီး စာရင်းစစ်ချုပ် နှင့်အတူ ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများနှင့် စာရင်းစစ်-၁ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Source: km )