OFFICE OF THE AUDITOR GENERAL OF THE UNION

 

ဒီပလိုမာစာရင်းကိုင်(ဒုတိယပိုင်း)သင်တန်း ၂၀၁၅-၂၀၁၆ပညာသင်နှစ် သင်တန်းဆင်းပွဲ အခမ်းအနား

၁။ ၂၀၁၆ခုနှစ်၊ မတ်လ (၂၂)ရက်နေ့ နံနက် ၉း၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ဒီပလိုမာစာရင်းကိုင်(ဒုတိယပိုင်း)သင်တန်း ၂၀၁၅-၂၀၁၆ ပညာသင်နှစ် သင်တန်းဆင်းပွဲအခမ်းအနားကျင်းပရာ   ပြည်ထောင်စုစာရင်းစစ်ချုပ်ကိုယ်စား အမြဲတမ်း အတွင်းဝန် ဒေါ်ခင်စန်းဦး တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။
၂။ အဆိုပါ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ ကထိကများ၊ သင်တန်းသား/သူ (၉၀) ဦး တက်ရောက်ခဲ့ပါသည်။
၃။  အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်က လမ်းညွှန်အမှာစကားပြောကြားရာတွင်-

  • နိုင်ငံတကာမှ ဝင်လာမည့် စာရင်းပညာရှင်များနှင့် ရင်ဘောင်တန်းနိုင်ရန် သင်တန်းသား/သူ များ အပေါ်တွင် တာဝန်ရှိကြောင်း၊
  • စာသင်ခန်းထဲတွင် သင်ကြားသော ဘာသာရပ်များသည် အခြေခံ (knowledge) ပဲ သင်ကြားပေးခြင်းဖြစ်၍ လုပ်ငန်းခွင်တွင် (skill) ရသည်အထိ အခြေတစိုက် လုပ်ဆောင် ရမည် ဖြစ်ကြောင်း၊
  • ပေးအပ်သည့်အလုပ်တာဝန်ကို ဝတ်ကျေတန်းကျေသာလုပ်လျှင် လုပ်ငန်းခွင်တွင် Leader မဖြစ်နိုင်ကြောင်း၊
  • လုပ်ငန်းခွင်တွင် ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ၊ ဝါသနာပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အလုပ်တာဝန်ကို စိတ်ပါဝင်စားစွာလုပ်လျှင် အနာဂတ်တွင် ပိုအရောင်တောက်ပမည် ဖြစ်ကြောင်း၊
  • နေပြည်တော်ရှိ သင်တန်းသားများသည်   ပြည်သူ့ဝန်ထမ်းများဖြစ်သည့်အတွက် ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည် ဆိုသည့်ဆောင်ပုဒ်အတိုင်း အခွင့်အရေးကို ဘေးချိတ်၍ အလုပ်တာဝန်ကို စိတ်ပါဝင်စားစွာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊
  • သြင်္ကန်ကာလပြီးဆုံးသွားချိန်မှာ ဖြေဆိုရမည့်စာမေးပွဲ္ပ္ပ္ပ၌ ရိုးသားစွာဖြင့် မိမိကျက်မှတ်ထား သည်များနှင့် ကြိုးစားဖြေဆို၍ အောင်မြင်မှုကို ဆွတ်ခူးနိုင်ကြပါစေကြောင်း၊
  • ဖြေဆိုသူအားလုံး ထူးထူးချွန်ချွန်အောင်မြင်၍ နိုင်ငံတော်နှင့်ပြည်သူများမှ အားထားရသည့် ကျွမ်းကျင်ပညာရှင်များအဖြစ် တက်လှမ်းနိုင်ကြပါစေကြောင်း၊
  • နိဂုံးချုပ်အနေဖြင့် ပုခုံးပြောင်းတာဝန်ကို မျိုးဆက်သစ်များလက်ထဲသို့ အပ်နှင်းရမည်ဖြစ်၍ မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် တစ်နှစ်တစ်တန်း နှစ်ချင်းပေါက်အောင်မြင်၍ (CPA) သို့ တက်လှမ်းနိုင်သည်အထိ အောင်ပန်းများ ဆွတ်ခူးနိုင်ကြပါစေကြောင်း၊

၄။အခမ်းအနားကို နံနက် (၁၀း၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။