OFFICE OF THE AUDITOR GENERAL OF THE UNION

 

အလယ်အလတ်အဆင့်/ အဆင့်မြင့်စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု အမှတ်စဉ် (၉၅) သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား

၁။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ(၁၇)ရက်နေ့ နံနက် ၁၀း၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အလယ်အလတ်အဆင့်/ အဆင့်မြင့်စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု အမှတ်စဉ် (၉၅) သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ အမြဲတမ်းအတွင်းဝန်/ တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်စန်းဦး တက်ရောက်၍ သင်တန်းဆင်း လမ်းညွှန်အမှာ စကား ပြောကြားခဲ့ပါသည်။

၂။ အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/သူ (၁၉၃)ဦး တက်ရောက်ခဲ့ကြပါသည်။

၃။ အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်/တာဝန်ခံညွှန်ကြားရေးမှူးချုပ်က အောက်ပါ အချက်များကို လမ်းညွှန်မှာကြားခဲ့သည်-

  • တက္ကသိုလ်အသီးသီးမှ Basic Knowledge ရရန် ပညာရပ်အသီးသီးကို သင်ကြား ပေးလိုက်ခြင်းဖြစ်ပြီး အခြေခံ၊ အလယ်အလတ်၊ အဆင့်မြင့်သင်တန်းများမှာ Skill ရရန် သင်ကြားပေးခြင်းဖြစ်ကြောင်း၊
  • သင်တန်းမှ သင်ကြားပေးလိုက်သည့် ပညာရပ်များကို လက်တွေ့လုပ်ငန်းခွင်တွင် တကယ်အသုံးချမှသာ အကျိုးရှိမည်ဖြစ်ကြောင်း၊
  • သင်တန်းကျောင်း၌ ကထိကများအား သီးသန့်ခန့်အပ်ထားခြင်းမရှိဘဲ ကထိကများ သည် ပင်မအလုပ်တွေ မအားလပ်သည့်ကြားမှ လာရောက်သင်ကြားခြင်းဖြစ်၍ ကထိကများ၏ စေတနာအား နားလည်တန်ဖိုးထားရန် လိုအပ်ကြောင်း၊
  • သင်တန်းတက်ပြီးပါက ယခင်သိရှိထားသည်များထက် ပိုမိုသိလာပြီး လက်တွေ့ လုပ်ငန်းခွင်တွင် Apply လုပ်ရမည်ဖြစ်ကြောင်း၊
  • လက်တွေ့လုပ်ငန်းခွင်တွင် Theory ဆိုသော Frame ကို ကျော်ပြီးလုပ်ဆောင်၍ မရကြောင်း၊ Theory ဆိုသည့် Frame က ထိန်းကွပ်ပေးထားခြင်းဖြစ်၍ Theory ကို လည်း ကျွမ်းကျင်ပိုင်နိုင်ရမည် ဖြစ်ကြောင်း၊
  • Theory နှင့် Practical ပေါင်းစပ်အလုပ်လုပ်ရမည်ဖြစ်ကြောင်း၊
  • အသိပညာ၊ အတတ်ပညာတွေသည် စက္ကန့်၊ မိနစ်နဲ့အမျှ ပြောင်းလဲနေ၍ ဆက်ပြီး လေ့လာသူသည်သာ ဘွဲ့ရပညာတတ်ဖြစ်၍၊ ဆက်မလေ့လာပါက ဘွဲ့ရပြီး ပညာမတတ်သူတွေ ဖြစ်ကြောင်း၊
  • လူတိုင်းသည် ကိုယ့်သမိုင်းကိုယ်ရေးတာဖြစ်ကြောင်း၊ လူတိုင်းမှာ အိမ်မက်ရည်မှန်း ချက်တွေရှိတာဖြစ်၍ ယခုသင်ကြားပေးလိုက်သည်များနှင့် ရပ်တန့်မနေဘဲ အစဉ်အမြဲ လေ့လာနေရမည်ဖြစ်ကြောင်း၊
  • အလုပ်မှာ ထူးချွန်သည့်သူကို အထက်လူကြီးကလည်းအားကိုး၊ အောက်လက်ငယ် သားကလည်း လေးစားသည်ဖြစ်၍ အလုပ်လုပ်သည့်နေရာတွင် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသ၍ စိတ်စေတနာဖြင့် အလုပ်လုပ်ရမည်ဖြစ်ကြောင်း၊
  • နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးတွေ ပြောင်းလဲလာသည်နှင့်အမျှ နောက်ဆုံး မိမိ တို့၏ Mindset တွေ ပြောင်းလဲရမည်ဖြစ်ကြောင်း၊
  • အနာဂတ်သည် မျိုးဆက်သစ်များ၏ လက်ထဲတွင်ရှိကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံ ကောင်းမည်ဖြစ်၍ အားလုံးကြိုးစားကြစေလိုကြောင်း၊

၄။ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် (၁၀း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။