ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

အခြေခံဌာနတွင်း စာရင်းစစ်လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၁/၂၀၁၅) သင်တန်းဖွင့်ပွဲအခမ်းအနား

၁။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့ နံနက် ၁၀း၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အခြေခံဌာနတွင်း စာရင်းစစ်လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၁/၂၀၁၅) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ ဒုတိယစာရင်းစစ်ချုပ်ကိုယ်စား အမြဲတမ်း အတွင်းဝန်/တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်စန်းဦး တက်ရောက်၍ သင်တန်းဖွင့် လမ်းညွှန် အမှာစကားပြောကြားခဲ့ပါသည်။

၂။ အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/သူ (၁၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။

၃။ အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်/ တာဝန်ခံညွှန်ကြားရေးမှူးချုပ်က အောက်ပါ အချက်များကို လမ်းညွှန်မှာကြားခဲ့သည်-

  • သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းတွေအလိုက် မည်သည့်နေရာတွင် Control များ လျော့နည်းနေသည်ကို စိစစ်တင်ပြရန် လိုအပ်ကြောင်း၊
  • သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများအလိုက် Mission၊ Vision တွေပေါ် မူတည်ပြီး Target တွေ ပေါက်ရောက်အောင်မြင်ရန် ရာထူးအဆင့်ဆင့်တွင်ရှိသည့် ဝန်ထမ်းများ အားလုံး ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
  • ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ Internal Auditor အဖွဲ့များသည်လည်း ကျကျနန အလုပ်လုပ်ဆောင်ရန် လိုအပ်ကြောင်း၊
  • Auditor များသည် ပေါင်းသင်းဆက်ဆံရေးကောင်းရန် လိုအပ်ကြောင်း၊ အပြုသဘော ဆောင်ကြရန်နှင့် အပြစ်ရှာရန် မဟုတ်ကြောင်း၊
  • မည်သည့်နေရာတွင် လိုအပ်ချက်များရှိ၍ Control ပိုကောင်းအောင် လုပ်ရမည်ကို ဖော်ထုတ်စစ်ဆေးရမည်ဖြစ်ကြောင်း၊
  • စာရင်းစစ်တစ်ယောက်အနေဖြင့် Area ပေါင်းစုံကို စစ်ဆေးရမည်ဖြစ်၍ သိသင့်သိထိုက် သော ပညာရပ်အားလုံးကို တက်ကျွမ်းနားလည်ရန် လိုအပ်ကြောင်း၊
  • စာရင်းစစ်များလိုက်နာရမည့် Ethics များကို လိုက်နာရမည်ဖြစ်ကြောင်း၊ Ethics ၏ အဓိကအချက်ဖြစ်သည့် ရိုးသားဖြောင့်မတ်မှုသည် အရေးကြီးဆုံးဖြစ်ကြောင်း၊
  • Internal Auditor များသည် မိမိအထက်စီမံခန့်ခွဲသူများကို ကူညီပေးရန်နှင့်၊ ဝန်ကြီး၊ ဒု-ဝန်ကြီး၊ MD၊ DG တွေကိုယ်စား စစ်ဆေးပေးပြီး အစီရင်ခံတင်ပြရသူများ ဖြစ်ကြောင်း၊
  • အပ်နှင်းခြင်းခံရသူများသည် ယုံကြည်ကိုးစားပြီး တာဝန်ပေးခံရသူများဖြစ်၍ ယုံကြည်မှု ကို အလွဲသုံးစားမလုပ်ရန် အရေးကြီးကြောင်း၊
  • ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်၍ ဝန်ထမ်းအားလုံး မိမိနိုင်ငံအတွက် ကြိုးစား အလုပ်လုပ်ရမည်ဖြစ်ကြောင်း၊

၄။ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် (၁၁း၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။