ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

အင်္ဂလိပ်ဘာသာစကားသင်တန်းဖွင့်ပွဲ အခမ်းအနား

၁။ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက် နံနက် ၁၁း၀၀ နာရီတွင်ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊  အစည်း
  အဝေးခန်းမ၌အင်္ဂလိပ်ဘာသာစကားသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာပြည်ထောင်စုစာရင်း
စစ်ချုပ် ဦးသိန်းထိုက် တက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။ 
၂။ အဆိုပါအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ ဒုတိယညွှန်ကြားရေးမှုးချုပ်များ၊ညွှန်ကြားရေး
မှုးများ၊ ဒုတိယညွှန်ကြားရေးမှုးများ၊ ကထိကနှင့်သင်တန်းသူ/သင်တန်းသား(၂၀)ဦးနှင့်ဝန်ထမ်း
များတက်ရောက်ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက် က အောက်ပါအချက်များကို
လမ်းညွှန်မှာကြားခဲ့ပါသည်-
- ယခုဖွင့်လှစ်တဲ့ အင်္ဂလိပ်သာသာသင်တန်းကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများ တာဝန်ထမ်ဆောင်ရာမှာ လုပ်ငန်းလိုအပ်ချက်အရ Language တစ်ခုအနေနှင့် သင်ကြား
ပေးခြင်းဖြစ်ကြောင်း၊ နယ်ပယ်ပေါင်းစုံတွင် အင်္ဂလိပ်ဘာသာသည် အရေးပါလျက်ရှိသည့်အတွက် မိမိတို့နိုင်ငံ၏ပုံရိပ်ကို အပြည်ပြည်ဆိုင်ရာနယ်ပယ်ကဏ္ဍအစုံတွင် မြှင့်တင်နိုင်ရန် အင်္ဂလိပ်ဘာသာကို အသုံးပြုဆောင်ရွက်ရမှာဖြစ်၍ လေ့လာထားရမှာဖြစ်ကြောင်း
- ၂၀၁၂ ခုနှစ်မှစ၍ စီးပွားရေးအပြာင်းအလဲ၊ အုပ်ချုပ်ရေးအပြောင်းအလဲများအရှိန်အဟုန်မြှင့် ဆောင်ရွက်လာသည့်အတွက် နိုင်ငံခြားသားများနှင့် ထိတွေ့ဆက်ဆံရသည့် ကိစ္စများစွာရှိလာကြောင်း၊ မြန်မာနိုင်ငံသည် ၂၀၁၄ ဇန်နဝါရီမှ ဒီဇင်ဘာလအထိ ASEAN ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ASEAN ဆိုင်ရာ Conference,Meeting, Seminar, Forum များကို ရာနှင့်ချီ၍ ကျင်းပရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှလည်း ဘာသာရပ်ဆိုင်ရာ အစည်းအဝေးများ၊ ဆွေးနွေးပွဲများတာဝန်ယူကျင်းပရမည်ဖြစ်ကြောင်း၊ ပြည်တွင်းမှာ ကျင်းပမည့် နိုင်ငံ တကာအဆင့်မီ အစည်းအဝေးများ၊ ဆွေးနွေးပွဲများကျင်းပသည့် အခမ်းအနားများတွင် မိမိတို့ရုံးမှဝန်ထမ်း များအနေဖြင့် အင်္ဂလိပ်ဘာသာစကားကို သွက်လက်ချက်ခြာစွာပြောဆို ဦးဆောင်ပါဝင်နိုင်ရေးအတွက် ဝဿန် Education Centre နှင့်ပူပေါင်း၍ ယခုကဲ့သို့ Language သင်တန်းကို ဖွင့်လှစ်သင်ကြား ပေးခြင်းဖြစ်ကြောင်း
- ယခုသင်တန်းသည် သင်တန်းသားများအတွက် အင်္ဂလိပ်သာသာနှင့်ပတ်သက်သည့် ရှိထားသည့်အရည်အချင်းကို အရှိန်အဟုန်ဖြင့် မြှင့်တင်ပေးခြင်းဖြစ်၍ (၃)လတာကာလအတွင်း Lecturer သင်ကြားပေးသည်ထက် မိမိကိုယ်တိုင် ပိုတော်ပိုကျွမ်းကျင်မှုရှိအောင် ကြိုးစားသင်ယူကြစေလိုကြောင်း
- သင်ကြားပေးသည့် ဝဿန် Education Centre မှ Lecturer မှလည်း သင်တန်းသားများကို အစဉ်အဆက်မှသင်ကြားပေးခဲ့သော တပည့်များကဲ့သို့ မှတ်ယူပြီး Listening နှင့် Speaking 2 Skills ကို ဖိဖိစီးစီးဖြင့် သင်ကြားပေးရန် အပ်နှံပါကြောင်း၊ ရုံးဝန်ထမ်းများအတွက် Capacity Building မြှင့်တင်ရာမှာ English Language ကျွမ်းကျင်မှုသည်လည်း တစ်ခုအပါအဝင်ဖြစ်၍ ဤရုံးကလည်း လိုအပ်သည်များကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊
၄။ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ၁၁း၄၅ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။