ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

စာရင်းစစ်မှူးများလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂၇) သင်တန်းဖွင့်ပွဲအခမ်းအနား

၁။ ၂၀၁၃ ခုနှစ်၊မေလ(၁၃)ရက် နေ့လညျ ၂း၃၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေး ခန်းမ၌ စာရင်းစစ်မှူးများလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၂၇) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက် တက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန်အမှာစကား ပြောကြားခဲ့ ပါသည်။

၂။ အဆိုပါအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ ညွန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/သင်တန်းသူ(၁၁၄)ဦး တက်ရောက်ကြပါသည်။

၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက် မှ အောက်ပါအချက်များကို မှာကြားခဲ့ပါ သည်-
- သင်တန်းသားစာရင်းစစ်မှူးများသည် အဖွဲ့အစည်းတစ်ခုအား မစစ်ဆေးမီစစ်ဆေးရေး အစီအစဉ် Audit Programme ရေးဆွဲရာ၌ မိမိစစ်ဆေးရမည့်အဖွဲ့အစည်း၏ လုပ်ငန်း သဘောတရားကို ကျေညက်စွာသိရှိနားလည်ထားရန်လိုအပ်ကြောင်းနှင့် လက်တွေ့သတိ ထားပြီး စစ်ဆေးဆောင်ရွက်ရမည့် အလုပ်တာဝန်များကျန်ရှိနေသည်ကို သတိပြုရန် လိုအပ် ကြောင်း၊
- သင်တန်းသားစာရင်းစစ်မှူးများသည် ပြည်သူ့ဘဏ္ဍာငွေမှ ခွဲဝေချထားပေးငွေများကို ထဲထဲ ဝင်ဝင်စစ်ဆေးရသော အဖွဲ့အစည်းဖြစ်၍ စာရင်းစစ်စံနှုှန်းများဖြင့် စစ်ဆေးရမည့် အဖွဲ့အစည်း အတွက် စေတနာကောင်းကောင်းထား၍ စစ်ဆေးရန် လိုအပ်ကြောင်းနှင့် မိမိတို့သည် နိုင်ငံ့ဝန်ထမ်းများပီပီ စစ်ဆေးရမည့်အဖွဲ့အစည်းများအား မိမိတတ်သည့်ပညာဖြင့် အကူအညီ ပေးရမည်ဟု စိတ်တွင်မှတ်ယူထားရန်လိုအပ်ကြောင်း
- သင်တန်းသား/သူများအနေဖြင့် ဘာသာရပ်ဆိုင်ရာကထိကများမှ သင်ကြားပေး သည်များကို အလေးအနက်ထားသင်ယူပြီး စာတွေနှင့်လက်တွေ့ပေါင်းစပ်ပါက အမှန်တကယ်ကျွမ်းကျင်၍  အရည်အချင်းပြည့်ဝသော စာရင်းစစ်မှူးများ ဖြစ်လာနိုင်ကြောင်း
- သင်တန်းသားစာရင်းစစ်မှူးများသည် ဒေသအသီးသီးမှ ဝန်ထမ်းများဖြစ်၍ စစ်ဆေးရေးအတွေ့ အကြုံများ၊ မိမိတို့၏ အားသာချက်အားနည်းချက်များကို ဤသင်တန်းတွင် အပြန်အလှန် ဆွေးနွေးတင်ပြမှုမျိုး ပြုလုပ်သင့်ကြောင်း
- စည်းကမ်းစနစ်သည် လူတစ်ဦး၏ဘဝတည်ဆောက်ရေးအတွက် လွန်စွာအရေးကြီး၍ နိုင်ငံ့ တာဝန်ကို မြင့်မြင့်မားမားထမ်းဆောင်နိုင်ဖို့၊ အောင်မြင်တိုးတက်ဖို့အတွက် စည်းကမ်း စနစ်ကောင်းရှိမှသာ ကြီးပွားတိုးတက်မည်ဖြစ်ကြောင်းနှင့် သင်တန်းသားများသည် အောင်မြင် ကြီးပွားတိုးတက်မှုရလိုလျှင် စည်းကမ်းစနစ်ရှိပါဟု အထူးတိုက်တွန်းလိုကြောင်း  

၄။ သင်တန်းဖွင့်ပွဲအခမ်းအနားကို ညနေ ၄း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။