ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

အခြေခံစာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၂၁၈) သင်တန်းဖွင့်ပွဲ

၁။ ၂၀၁၃ ခုနှစ်၊မေလ(၉)ရက်နံနက် ၁၀း၀၀နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ သင်တန်းကျောင်း၌ အခြေခံစာရင်းကိုင်နှင့်ရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၂၁၈) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့် တက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။

၂။ အဆိုပါအခမ်းအနားသို့ ညွန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ၊ ကထိကများနှင့် သင်တန်းသား/သင်တန်းသူ(၉၅ )ဦး တက်ရောက်ကြပါသည်။

၃။ အခမ်းအနားတွင် ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့်မှ

- နိုင်ငံဝန်ထမ်းများဖြစ်ကြတဲ့ ဌာနအသီးသီးမှ စာရင်းတာဝန်ယူသူ၊ ပစ္စည်းတာဝန်ယူ သူတွေ တတ်သင့်တတ်ထိုက်သည့် ပညာတွေ သင်ကြားပေးခြင်းဖြစ်တဲ့အတွက် သင်တန်းကာလအတွင်းပို့ချသော သင်ခန်းစာကို ကြိုးစားလေ့လာသင်ယူစေလိုကြောင်း
- ပေးအပ်တဲ့တာဝန်တွေကို ကျေကျေပွန်ပွန်ထမ်းဆောင်ဖို့အတွက် သင်တန်း တွေပေးနေခြင်း ဖြစ်ကြောင်း
- ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဖွင့်လှစ်တဲ့ DA, CPA, အခြေခံ/အလယ်အလတ်/ အဆင့်မြင့် သင်တန်းအားလုံးကို စနစ်တကျကြပ်မတ်ဆောင်ရွက်ပြီးသင်တန်းကျောင်း၏ စာမေးပွဲကိုလည်းတင်းကြပ်ထား၍ Board of Examiner နဲ့ စာသင်ကြားပို့ချသော ကထိကများအား သီးခြားထားရှိကြောင်း
- စည်းကမ်းတင်းကြပ်ထားတာမဟုတ်ဘဲ အလုပ်လုပ်ရတာ အဆင်ပြေအောင် သတ်မှတ်ထား ခြင်းဖြစ်ပြီး ဝန်ထမ်းစည်းကမ်း၊ သင်တန်းစည်းကမ်းများကိုလိုက်နာရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

၄။ သင်တန်းဖွင့်ပွဲ အခမ်းအနားကို နံနက် ၁၁း၀၀ နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။