ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

အဆင့်မြင့်စာရင်းကိုင် နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၉၁) သင်တန်းဖွင့်ပွဲ အခမ်းအနား

၁။ ၂၀၁၃ ခုနှစ်၊မေလ(၇)ရက် နံနက် ၁၀း၀၀နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ သင်တန်းကျောင်း၌ အဆင့်မြင့်စာရင်းကိုင် နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၉၁) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့် တက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန်အမှာစကား ပြောကြား ခဲ့ပါသည်။

၂။ အဆိုပါအခမ်းအနားသို့ ညွန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ၊ ကထိကများနှင့် သင်တန်းသား/သင်တန်းသူ (၆၀) ဦး တက်ရောက်ကြပါသည်။

၃။ အခမ်းအနားတွင် ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့် မှ

- ယခုဖွင့်လှစ်တဲ့သင်တန်းဟာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများအား စာရင်းဆိုင်ရာဘာသာရပ် များကို သင်ကြားပေးခြင်း နှင့် စီမံခန့်ခွဲရေးပိုင်းတွင် တာဝန်ထမ်းဆောင်ရမည့် ဝန်ထမ်းများ အတွက် စီမံခန့်ခွဲမှုဆိုင်ရာဘာသာရပ်များကို သင်ကြားပေးခြင်းဖြစ်၍ သင်တန်းသား/သူ များအနေဖြင့် သေသေချာချာလေ့လာဆည်းပူးရန်လိုအပ်ကြောင်း
- ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနများရှိ အရာရှိကြီးများမှ ဘာသာရပ်ကထိကများအဖြစ် သင်ကြားပို့ချပေးခြင်းဖြစ်သဖြင့် ကထိကများ၏စေတနာကို အလေးထား၍ ဘာသာရပ်များကို စိတ်ဝင်တစားနဲ့ အလေးအနက် ထား၍ သင်ကြားစေလိုကြောင်း
- သင်တန်းကပို့ချပေးလိုက်တဲ့ ပညာရပ်များကို လက်တွေ့အသုံးချရန်ရည်ရွယ်၍ သင်ကြား ပေးခြင်းဖြစ်တဲ့အတွက် သင်တန်းသား/သူများအနေဖြင့် လက်တွေ့လုပ်ငန်းခွင် နယ်ပယ်မှာ အကျိုးရှိရှိ အသုံးချရန်နှင့် သင်တန်းစည်းကမ်းများကိုလိုက်နာရန် လိုအပ်ကြောင်း လမ်းညွှန် မှာကြားခဲ့ပါသည်။

၄။ သင်တန်းဆင်းပွဲ အခမ်းအနားကို နံနက် ၁၁း၀၀ နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။