ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

စာရင်းစစ်များလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၃၈) သင်တန်းဆင်းပွဲအခမ်းအနား

၁။ ၂၀၁၃ ခုနှစ်၊ မေလ (၂)ရက်နံနက် ၁၀း၀၀နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ စာရင်းစစ်များလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၃၈) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ရာ ပည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက် တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/ သင်တန်းသူ (၁၇၀) ဦး တက်ရောက်ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက်က လမ်းညွှန်မှာကြားရာတွင်-
- သင်တန်းသားစာရင်းစစ်များဟာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အခြေခံ အုတ်မြစ်များဖြစ်တဲ့အတွက် မိမိတို့သင်ယူခဲ့သော စာတွေ့ဗဟုသုတများကို လက်တွေ့သင်ခန်းစာများနှင့် ဟန်ချက်ညီညီပေါင်းစပ်ပြီး မိမိတု့ိအရည်အသွေးကို အစဉ်အမြဲ တိုးတက်မြင့်မားနေအောင် ဆက်လက်လေ့လာ ဆည်းပူးမှတ်သားသွားကြရန် တိုက်တွန်းလိုကြောင်း
- စည်းကမ်းဟာလူ့တန်ဖိုးဖြစ်တဲ့အတွက် စည်းကမ်းကောင်းတဲ့သူဟာ စည်းကမ်းက ထိန်းကြောင်းပြုပြင်ပေး၍ အတွေးမှန်၊ အလုပ်မှန်ကာ လမ်းကြောင်းမှန် သို့ လျှောက်လှမ်းနိုင်မည် ဖြစ်ကြောင်းနှင့် ရည်ရွယ်ချက် မှန်ကန်ကောင်းမွန်၍ ရိုးသားဖြောင့် မတ်ကာ ကိုယ်ကျိုးမတွက်ဘဲ ဆောင်ရွက် သွားရန်လိုကြောင်း
- သင်တန်းသားစာရင်းစစ်များအနေဖြင့် မိမိထက်လုပ်သက်ကြီးသူ အတွေ့ အကြုံနှင့် ဗဟုသုတများသူများထံမှ အလုပ်လုပ်ရင်း ဆက်လက်လေ့ကျင့် သင်ကြားကြရန်နှင့် စစ်ဆေးရမည့်အဖွဲ့အစည်းများထံမှ ၎င်းတို့၏ လုပ်ငန်းပိုင်းဆိုင်ရာ ဗဟုသုတများ နမူနာကောင်းများကို ဆည်းပူးလေ့လာ၍ အသိတရားကို အမြဲမပြတ်ရှာဖွေနေကြရန် လိုကြောင်း
- သင်တန်းသားစာရင်းစစ်များအနေဖြင့် စည်းကမ်းကောင်းကောင်း တာဝန်သိသိဖြင့် တစ်ဦးချင်းစည်းကမ်း၊ လုပ်ငန်းခွင်စည်းကမ်းကိုလိုက်နာ၍ မိခင်ဌာန ဖြစ်သော စာရင်းစစ် ရုံးများ၏ ကောင်းသောဂုဏ်သတင်းကို ဆောင်နိုင်သူများ ဖြစ်အောင်ကြိုးစားကြရန် လမ်းညွှန်မှာကြားပါသည်။
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် ၁၁း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။