ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

အလယ်အလတ်/အဆင့်မြင့် စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၉၀) သင်တန်းဆင်းပွဲအခမ်းအနား

၁။    ၂၀၁၃ ခုနှစ် ၊ မတ်လ (၁၃) ရက် နံနက် ၁၀း၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ အလယ်အလတ်/အဆင့်မြင့် စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၉၀) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ရာ ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့် တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန် အမှာစကားပြောကြားခဲ့ပါသည်။၂။    အဆိုပါအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ ညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် အလယ်အလတ်အဆင့် စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းမှ သင်တန်းသား/သူ (၈၆) ဦး ၊ အဆင့်မြင့်စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းမှသင်တန်းသား/သူ (၄၁) ဦးတို့ တက်ရောက်ကြပါသည်။၃။    အခမ်းအနားတွင်  ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့် က လမ်းညွှန်မှာကြားရာတွင် -       -    သင်တန်းဆင်းပွဲကျင်းပပြီးဖြစ်၍ မကြာခင်စာမေးပွဲဖြေဆိုရမည်ဖြစ်ပြီး သက်ဆိုင်            ရာ ဘာသာရပ်အလိုက် သင်ကြားပို့ချပေးသော ဘာသာရပ်များကို တိတိကျကျ            စည်းကမ်းရှိစွာဖြင့် မှန်မှန်ကန်ကန်  ဖြေဆိုကြရန်လိုအပ်ကြောင်း၊ စာမေးပွဲ            အောင်စာရင်းထုတ်ပြန်ရာတွင် သာမန်အထက်၊ သာမန်၊ သာမန်အောက်အဆင့်            ခွဲ၍ အောင်လက်မှတ်ထုတ်ပေးမည်ဖြစ်ပြီး သာမန်အောက်ဆိုပါက ပြန်ဖြေဆိုခွင့်            မရှိတော့သော်လည်း အလယ်အလတ်အဆင့်မှာ သာမန်အောက်နှင့် အောင်မြင်            ပါက အဆင့်မြင့်သင်တန်းကို တက်ရောက်ခွင့်ရှိကြောင်း၊ အနည်းဆုံးသာမန်            အဆင့်တော့ ဖြစ်အောင် ကြိုးစားဖို့လိုအပ်ကြောင်း၊       -    သင်တန်းမှ သင်ကြားပို့ချပေးခဲ့သည့် လုပ်ငန်းပညာရပ်များကို လုပ်ငန်းခွင်မှာ             ပြန်လည်အသုံးချခြင်းဖြင့် မိခင်ဌာနကို အလုပ်အကျွေးပြုကြရန်နှင့် တာဝန်ကျေ            အောင် လုပ်ငန်းအဆင့်များ တိုးတက်အောင် ကြိုးစားကြရန်လိုအပ်ပါကြောင်း၊            အကြံပြုလမ်းညွှန်မှာကြားပါသည်။၄။    သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် ၁၀ း ၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။