ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးလွန်းမောင်အား ကမ္ဘာ့ဘဏ်၏ PEFA မစ်ရှင်အဖွဲ့လာရောက်တွေ့ဆုံ

 
   ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးလွန်းမောင်အား ကမ္ဘာ့ဘဏ်၏ Public Expenditure and Financial Accountability (PEFA) မစ်ရှင်အဖွဲ့သည် ၂၈.၅.၂၀၁၂ နေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၌ လာရောက်တွေ့ဆုံပြီး Public Expenditure and Financial Accountability အပိုင်းတွင် ပြည်ထောင်စု စာရင်းစစ်ချုပ် ရုံး၏ အခန်းကဏ္ဍ အကြောင်းများ ညှိနှိုင်း ဆွေးနွေးကြသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။