ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

စာရင်းစစ်(၃)များ လုပ်ငန်းခွင်ကျွမ်းကျင်မှု အမှတ်စဉ်(၄၅)သင်တန်း သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

၁။ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ(၂) ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ စာရင်းစစ်(၃)များ လုပ်ငန်းခွင် ကျွမ်းကျင်မှု အမှတ်စဉ်(၄၅) သင်တန်း သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

၂။ အဆိုပါ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများ၊ သင်တန်းသား/သူ ( ၁၁၆) ဦး တက်ရောက်ခဲ့ပါသည်။

၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်မှ -

-စာရင်းစစ်ဆေးခြင်းဆိုသည်မှာ ဘဏ္ဍာရေးရှင်းတမ်းများနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေ ကို စာရင်းစစ်ထင်မြင် ယူဆချက်ပေးနိုင်ရန် စစ်ဆေးကြတာ ဖြစ်ကြောင်း။

-စာရင်းစစ်များသည် မိမိတို့၏ မူလတာဝန်အပြင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေက ပြဋ္ဌာန်းသတ်မှတ်ထားသည့် တာဝန်များကိုပါ ထမ်းဆောင်ကြရမှာဖြစ်ကြောင်း။

-Continuing Professional Education ဖြင့် အရည်အချင်းများ အစဉ်အမြဲ တိုးတက်နေအောင် ကြိုးစားလုပ်ဆောင်ကြရမှာ ဖြစ်ကြောင်း။

-မိမိကိုယ် မိမိ အရည်အချင်းများ တိုးတက်အောင် လုပ်ဆောင်ခြင်းသည် မည်သည့်အခါမှ မဆုံးနိုင်သည့် အလုပ်ဖြစ်ကြောင်း။

-နှစ်သစ်မှစ၍ အားနည်းချက်များကို ဖြည့်ဆည်းပြီး အားသာချက်များကို ပိုပြီး ကောင်းလာအောင် လုပ်ဆောင်ကြရမှာဖြစ်ကြောင်း။

-မိမိ အရည်အသွေးများ ပိုမိုတိုးတက်ရန် ပျိုးထောင်သည့် အခါတွင်လည်း စိတ်ဓာတ်ကောင်း၊ စည်းကမ်းကောင်း၊ စေတနာကောင်းများ ထားရှိရန် လိုအပ်ကြောင်း။

-မိမိတို့ တာဝန်များကို အဂတိ မလိုက်စားဘဲ ဆောင်ရွက်ကြပြီး စာရင်းစစ်ဆေးခြင်းဆိုင်ရာ အရည်အချင်းများကို တိုးတက်ရှင်သန်အောင် ကြိုးစားကြစေလိုကြောင်း စသည်ဖြင့် လမ်းညွှန် မှာကြားခဲ့ပါသည်။

၄။ အခမ်းအနားကို နံနက်(၁၀း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။