ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

စာရင်းစစ်(၁)များ လုပ်ငန်းခွင် ကျွမ်းကျင်မှု အမှတ်စဉ်(၃၂) သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

၁။ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ စာရင်းစစ်(၁)များ လုပ်ငန်းခွင် ကျွမ်းကျင်မှု အမှတ်စဉ်(၃၂) သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပရာ ပြည်ထောင်စု စာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။

၂။ အဆိုပါ အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများ၊ သင်တန်းသား/သူ ( ၁၀၈) ဦး တက်ရောက်ခဲ့ပါသည်။

၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်မှ -

-စာရင်းစစ်(၁)များသည် စစ်ဆေးရေးအဖွဲ့များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ကြရတဲ့ အတွက် စွမ်းဆောင်ရည် ပြည့်ဝစွာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။

-သင်တန်းမှ ပို့ချလိုက်တဲ့ အတတ်ပညာ ၊ ဗဟုသုတများဖြင့်သာ ရပ်မနေဘဲ Self Education လုပ်ရန် လိုအပ်ကြောင်းနှင့် ပညာရပ်များသည် ဆုံးခန်းတိုင်သည် ဟူူ၍ မရှိကြောင်း။

-ခေါင်းဆောင်များသည် မိမိတို့၏ အသိပညာ အတတ်ပညာများကို လက်ဆင့်ကမ်းပေးရန် Ethic များကို လိုက်နာသည့် နမူနာကောင်းများ ပြပေးရန် လိုအပ်ကြောင်း။

-ခေါင်းဆောင်မှု ပေးရမည့် ရာထူး၌ ခေါင်းဆောင်မှု စွမ်းရည်ရှိရန် လိုအပ်ကြောင်း။

-စာရင်းစစ်ဆေးရေး အဖွဲ့များတွင် ခေါင်းဆောင်ဖြစ်သည့် စာရင်းစစ်(၁)များသည် စာရင်းစစ်(၃) များကို သင့်တင့်မျှတစွာ တာဝန်ခွဲပေးရန် လိုအပ်ကြောင်း။

-Team Work ဖြင့် လုပ်ကိုင်ဆောင်ရွက်တတ်ရန် လိုအပ်ကြောင်း။

-နိုင်ငံပိုင် ကဏ္ဍ စာရင်းစစ်များ၏ လုပ်ငန်း နယ်ပယ်သည် ပုဂ္ဂလိက ကဏ္ဍ စာရင်းစစ်များထက် ပိုမိုကျယ်ပြန့်ပြီး တိုင်းပြည်အတွက် ပိုမိုအကျိုးပြုကြောင်း။

-စာရင်းစစ်ဆေးရေး လုပ်ငန်းများကို ရိုးသားဖြောင့်မတ်စွာဖြင့် ဥပဒေ၊စည်းကမ်း၊ ကျင့်ဝတ်ဘောင်အတွင်း ရိုးရိုးသားသား သိက္ခာရှိရှိဖြင့် စံပြစာရင်းစစ်များ အဖြစ် ပြုမူနေထိုင်ကြပါလို့ တိုက်တွန်းလိုကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။

၄။အခမ်းအနားကို နံနက်(၁၀း၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။