ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ကျင့်သုံးနေသော စာရင်းကိုင်စံများနှင့်အညီ ဆောင်ရွက်ရန်လို

mal

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် မေ ၉ ရက် နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ် စာရင်းစစ်ရုံး ဝန်ထမ်းများအား တွေ့ဆုံခဲ့သည်။ (အပေါ်ပုံ)
ပြည်ထောင်စုစာရင်းစစ်ချုပ်က စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူသာ ပဓာနဖြစ်ကြောင်း၊ လူ၏ အကျင့်စာရိတ္တ၊ သိက္ခာသမာဓိ ရှိရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအပေါ် ဘက်လိုက်မှု မရှိအောင် ဆောင်ရွက်ရန် လိုကြောင်း၊ စေတနာ၊ မေတ္တာ၊ ကရုဏာဖြင့် ဆောင်ရွက်ကြရန် လိုကြောင်း၊ ဌာနဆိုင်ရာများ အနေဖြင့် စီးပွားရေး အဖွဲ့အစည်းများသည် စီးပွားရေး အဖွဲ့အစည်းများ စာရင်းထားနည်း အတိုင်း ဆောင်ရွက်ကြ သော်လည်း ဦးစီးဌာနများ အနေဖြင့် အစိုးရ စာရင်းထားနည်း အတိုင်း Cash Basic ကို အခြေခံ ရေးဆွဲကြသဖြင့် စာရင်းအမှန် ရရှိစေရန် Accrual Basic ပြောင်းလဲရေးဆွဲရေး အတွက်လည်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ကမကထပြု ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ခေတ်နှင့်အညီ စာရင်း ထားနည်း ပြောင်းလဲခြင်းများကို သိရှိရန် လိုကြောင်း၊ ကျင့်သုံးနေသော စာရင်းကိုင်စံများ နှင့်အညီဖြစ်အောင် ဆောင်ရွက်ရန် လိုကြောင်း၊ လူသာလျှင် ပဓာနဖြစ်၍ ဝန်ထမ်း တစ်ဦးချင်းစီတွင် စာရင်းပညာရှင်များ ကျင့်ဝတ်ဖြစ်သည့် စာရင်းပညာ အရည်အချင်း ပြည့်စုံရန်၊ လုပ်ငန်းခွင်တွင် သတိ သမ္ပဇဉ်ဖြင့် ဆောင်ရွက်ရန်၊ စာရင်းပညာများကို စဉ်ဆက်မပြတ် သိရှိကြရန်၊ လျှို့ဝှက်ချက်ကို ထိန်းသိမ်းရာတွင် ပွင့်လင်းမြင်သာမှုနှင့် ချင့်ချိန်ဆောင်ရွက်ရန်၊ အများပြည်သူ အကျိုးစီးပွားကို ဆောင်ရွက်ရန် စသည်တို့ကို ပြောကြားသည်။ (Source:mal)