ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

စာရင်းစစ်(၃)များ လုပ်ငန်းခွင်ကျွမ်းကျင်မှု အမှတ်စဉ် (၄၃) သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား

၁။ ၂၀၁၆ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့ နံနက်  (၁၀း၀၀)  နာရီတွင် ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ်(၃)များ လုပ်ငန်းခွင်ကျွမ်းကျင်မှု အမှတ်စဉ် (၄၃) သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်ကိုယ်စား အမြဲတမ်း အတွင်းဝန် တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူ းချုပ် (စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယ ညွှန်ကြားရေးမှူ းချူပ်များ၊ ညွှန်ကြားရေးမှူ းများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများ၊ သင်တန်းသား/သူ (၁၂၃)ဦး တက်ရောက်ခဲ့ပါသည်။
၃။ အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်မှ လမ်းညွှန်အမှာစကား ပြောကြားရာတွင်-

  • သင်တန်းမှ သိသင့်သိထိုက်သည့် ပညာရပ်များကို အခြေခံ ပို့ချပေးတာဖြစ်ပြီး လက်တွေ့ လုပ်ငန်းခွင်တွင် ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် အထက်လူကြီး များထံမှသာမက လုပ်ဖော်ကိုင်ဖက် အချင်းချင်းဆီကပင် လေ့လာမှတ်သားကြရန် လိုအပ်ကြောင်း
  • သီအိုရီနှင့် အတွေ့အကြုံ ပေါင်းစပ်၍ ချင့်ချိန်တွေးခေါ် အလုပ်လုပ်ကြရန် လိုအပ်ကြောင်း၊
  • လက်တန်းအလုပ်လုပ်ပြီး ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်သည် မှားနေနိုင်ပြီး ယင်းအမှား သည် အချိန်ကြာလာသည်နှင့်အမျှ အမှန်ကဲ့သို့ဖြစ်လာပြီး နောက်မျိုးဆက်များအတွက် အမှတ် မှားလာနိုင်၍ အလုပ်ကို ကျိုးကြောင်းဆီလျော်စွာ ချင့်ချိန်လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊
  • သင်တန်းသူ/သင်တန်းသားများအနေဖြင့် လုပ်ငန်းခွင်တွင် လက်တွေ့လုပ်ဆောင်နေရသည့် ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်းများကို အမြဲတမ်းလေ့လာနားလည် တတ်ကျွမ်းနေရမည်ဖြစ်ကြောင်း၊
  •  ပေးအပ်လာသော တာဝန်များကို စိတ်ရင်းစေတနာမှန်ကန်စွာဖြင့် အတ္တ၊ ပရ အကျိုးကို မျှကြည့်ပြီး အလုပ်လုပ်သင့်ကြောင်း၊
  • မိမိတို့နှင့်တိုက်ရိုက်သက်ဆိုင်သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါ ပြည်ထောင်စုစာရင်း စစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်များ၏ အခန်းကဏ္ဍ များအား လေ့လာမှတ်သားရန် လိုအပ်ကြောင်း၊
  • နိဂုံးချုပ်အနေဖြင့် သင်တန်းသူ/သင်တန်းသားများအားလုံး စဉ်ဆက်မပြတ် လေ့လာ မှတ်သားနေရန်နှင့် အတွေးအခေါ်၊ အယူအဆစိတ်ဓာတ်တို့ မြင့်မားကောင်းမွန်နေရန် လိုအပ်ကြောင်း မှာကြားသွားပါသည်။

၄။ အခမ်းအနားကို နံနက် (၁၁း၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။