မြန်မာနိုင်ငံစာရင်းကောင်စီလုပ်ငန်းများ

မြန်မာနိုင်ငံ စာရင်းကောင်စီ၏လုပ်ငန်းတာဝန်များ
မြန်မာနိုင်ငံစာရင်းကောင်စီမှ အောက်ပါလုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါသည်။
(က)    အစိုးရဌာနများ၊ အဖွဲ့အစည်းများကစာရင်းပညာနှင့်စပ်လျဉ်း၍ အကြံဉာဏ်များ တောင်းခံပါက အကြံဉာဏ်များပေးခြင်း၊
(ခ)    စာရင်းပညာဆိုင်ရာသင်တန်းများကို ဖွင့်လှစ်ခြင်း၊ဒီပလိုမာ၊ အောင်လက်မှတ်များ ပေးအပ်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့်ကြီးကြပ်ကွပ်ကဲခြင်း၊
(ဂ)    စာရင်းပညာနှင့်စပ်လျဉ်း၍ လက်တွေ့သင်ကြားပေးရေးအတွက် စီစဉ်ဆောင်ရွက် ခြင်း၊ စာရင်းကိုင်အလုပ်သင်လုပ်သက် သတ်မှတ်ခြင်း၊ အလုပ်သင်ကြားပေးနိုင် သည့် စာရင်းကိုင်အဖြစ် အသိအမှတ်ပြုခြင်း၊
(ဃ)    နိုင်ငံခြားတိုင်းပြည်များမှ စာရင်းပညာဆိုင်ရာလက်မှတ်နှင့်ဘွဲ့များကိုစိစစ်အသိအမှတ်ပြုခြင်း၊ ယင်းသို့ အသိအမှတ်ပြုသည့် လက်မှတ် သို့မဟုတ် ဘွဲ့ရရှိထားသည့် နိုင်ငံသားများအား မှတ်ပုံတင်နိုင်ရန် လိုအပ်ချက်များကို သတ်မှတ်ခြင်း၊
(င)    သင့်လျော်သည့်ပုဂ္ဂိုလ်တစ်ဦးအား မှတ်ပုံတင်အရာရှိအဖြစ်ခန့်ထားပြီး၊ စာရင်းကိုင် အလုပ်သင် မှတ်ပုံတင်ခြင်း၊ လက်မှတ်ရပြည်သူ့စာရင်းကိုင် မှတ်ပုံတင်ခြင်း နှင့် ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် မှတ်ပုံတင်ခြင်း ကိစ္စရပ်များ ဆောင်ရွက်ခြင်း
(စ)    စာရင်းပညာခေတ်မီတိုးတက်စေရေးကို ရှေးရှု၍ ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာစာရင်းပညာ အဖွဲ့အစည်းများနှင့်ဆက်သွယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊
(ဆ)    စာရင်းကိုင်အလုပ်သင်နှင့် သင်တန်းကြီးကြပ်ရေးကော်မတီကို ကောင်စီဝင်များနှင့် အခြား သင့်လျော်သော နိုင်ငံသားများဖြင့်ဖွဲ့စည်းခြင်း၊
(ဇ)    စာရင်းကိုင်အလုပ်သင်ကြားပေးနိုင်မည့် အစိုးရဌာနများ၊ အဖွဲ့အစည်းများ၊ အလုပ်သင်ကြား‌ပေးနိုင် သည့် စာရင်းကိုင်များ၏အမည်စာရင်းကို သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း၊ ယင်းလုပ်ပိုင်ခွင့်များကို စာရင်းကိုင် အလုပ်သင်နှင့် သင်တန်းကြီးကြပ်ရေးကော်မတီအား လွှဲအပ်ဆောင်ရွက်စေခြင်း၊
(ဈ)    မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေအရ ဖွင့်လှစ်သော စာရင်းပညာဆိုင်ရာသင်တန်းများသင်ကြား ပို့ချမှု အဆင့် မီ၊ မမီ လိုအပ်သလို စိစစ်သုံးသပ်ခြင်း၊
(ည)    လိုအပ်သောကော်မတီများ၊ အဖွဲ့များကိုဖွဲ့စည်း၍ ယင်းကော်မတီများ၊ အဖွဲ့များ၏ တာဝန်များကို သတ်မှတ်ပေးခြင်း၊
(ဋ)    စာရင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖွဲ့စည်းထား‌သော မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့ စာရင်းကိုင်များအသင်းအား လမ်းညွှန်ခြင်း၊ကြီးကြပ်ကွပ်ကဲ ခြင်း၊
(ဌ)    တာဝန်ပျက်ကွက်သော သို့မဟုတ် စာရင်းပညာရှင် ကျင့်ဝတ်သိက္ခာဖောက်ဖျက် သော သို့မဟုတ် အကျင့်စာရိတ္တ ပျက်ပြားရာ‌ရောက်သော စာရင်းကိုင်အလုပ်သင်များ၊  လက်မှတ်ရပြည်သူ့စာရင်းကိုင် များနှင့်ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်းလုပ်ကိုင် သူများကို အရေးယူခြင်း၊
(ဍ)    စာရင်း‌ကောင်စီ ဥပ‌ဒေပါ ရည်ရွယ်ချက်များ ထ‌မြောက်‌‌အောင်မြင်စေရန် ‌ဆောင်ရွက်ခြင်း

၁၉၇၂ ခုနှစ်မှ စတင်၍ လက်မှတ်ရပြည်သူ့စာရင်းကိုင် သင်တန်းနှင့်ဒီပလိုမာ စာရင်းကိုင် သင်တန်းများကို ဖွင့်လှစ်ခဲ့ပြီး ၃၀-၆-၂၀၁၂ နေ့အထိ လက်မှတ်ရပြည်သူ့စာရင်းကိုင် (၁၉၇၁) ဦး နှင့် ဒီပလိုမာစာရင်းကိုင် (၃၈၈၈) ဦး မွေးထုတ်ပေးပြီး ဖြစ်ပါသည်။
လက်မှတ်ရပြည်သူ့စာရင်းကိုင်များနှင့် ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်သူများအား မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ၃၀-၆-၂၀၁၂ နေ့အထိ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်အဖြစ် မှတ်ပုံတင်သူ (၁၀၁၇) ဦး ရှိပြီး၊ ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်ရန် မှတ်ပုံတင်သူ (၁၀၀၂) ဦး ရှိပါသည်။
ယခင်မှတ်ပုံတင်စာရင်းကိုင်များကို လက်မှတ်ရပြည်သူ့စာရင်းကိုင်အဖြစ် ပြောင်းလဲမှတ်ပုံတင်ခွင့်ပြုလျက် ရှိပါသည်။
မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ၏ ရည်ရွယ်ချက်များ ပြည့်မြောက်အောင်မြင်စေရန်အတွက် အောက်ပါ လုပ်ငန်းဆပ်ကော်မတီများဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပါသည်။
(၁)    စာရင်းကိုင် အလုပ်သင်နှင့်သင်တန်းကြီးကြပ်ရေးကော်မတီ
(၂)    လက်မှတ်ရပြည်သူ့စာရင်းကိုင်စာမေးပွဲ နှင့် ဒီပလိုမာ စာရင်းကိုင်စာမေးပွဲစာစစ် ကော်မတီ
(၃)    မြန်မာနိုင်ငံ စာရင်းကိုင်နှင့်စာရင်းစစ်စံ ကော်မတီ
(၄)    စာရင်းဆောင်ရွက်မှုကဏ္ဍဖြေလျော့မှုပေးရေး ကော်မတီ
(၅)    သင်ရိုးညွှန်းတမ်းမွမ်းမံပြင်ဆင်ရေး ကော်မတီ
(၆)    ကြီးကြပ်မှု ကော်မတီ
(၆)    မြန်မာနိုင်ငံစာရင်းကောင်စီဆုနှင့် ပညာရေးရန်ပုံငွေကြီးကြပ်ကွပ်ကဲရေးအဖွဲ့
(၇)    မှတ်ပုံတင်စာရင်းကိုင်လျှောက်လွှာ၊ လက်မှတ်ရပြည်သူ့စာရင်းကိုင်လျှောက်လွှာ စိစစ်ရေးအဖွဲ့